ဧရာဝတီ ၊ ဇူလိုင် ၁၅ ၊ ၂၀၁၉
မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ ကျနော်တို့ တိုင်းရင်းသားဒေသ အသီးသီးမှာ ဖြစ်နေတဲ့ စစ်ပွဲဆိုတာ ကျနော်တို့ ညီအကို အချင်းချင်း ဖြစ်ကြတဲ့ စစ်ပွဲပဲ။ ကျနော်တို့ ညီအကိုလို ဖြေရှင်းဖို့ လိုတယ်။ ညီအကိုအချင်းချင်း ဖြစ်တာကို ရန်သူလို ဖြေရှင်းနေကြရင် ဒါ မဟုတ်တော့ဘူး။ အဲလိုဆိုရင် သဘာဝ မကျသေးဘူး။ ညီနဲ့ အကိုနဲ့ ဖြစ်တဲ့ကိစ္စမှာ ညီမိသားစုကို အကိုမိသားစုက အကုန်လုံး သတ် ၊ထု ၊ ထောင်း ပြီးမှ ရလာတဲ့ အဆင်ပြေမှု ဒါသဘာဝ ကျမှာလား။ ကျနော် ပြောချင်တာက ညီအကိုတွေ ဖြစ်တဲ့အတွက် ဒီပြဿနာကို ညီအကိုလို ဖြေရှင်းစေချင်တယ်။ တုတ်ဆွဲ၊ ဓားဆွဲ၊ သေနတ်ဆွဲ ဖြေရှင်းကြတာဟာ ဒါ အဖြေ မဟုတ်ဘူး။ အဖြေလည်း မထွက်နိုင်ဘူး။ ပြည်သူတွေ ဒုက္ခရောက်တာကလွဲပြီး အကျိုး မရှိနိုင်ပါဘူး။
ရိုက်ကူး- အဲမလီ ၊ မင်းအောင်ခိုင်