နေပြည်တော်က ပုဂ္ဂလိက မူကြိုကျောင်းတခု ဖြစ်တဲ့ Wisdom Hill ကျောင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုကြတဲ့ သက်ငယ်မုဒိမ်းမှုမှာ မူကြို ဆရာမ နှင်းနုဟာ သတင်းတွေ ထိမ်ချန်ထားတဲ့အတွက် သံသယ တရားခံအဖြစ် ရုံးတော်ရှေ့ကို ပို့ဆောင်ပေးဖို့ ဗစ်တိုးရီး ယားတို့ မိသားစုဘက်က ယနေ့ ရုံးချိန်းမှာ ဒက္ခိဏခရိုင် တရားရုံးကို တင်ပြခဲ့ပါတယ်။
အခုလို တရားလိုဘက်ကနေ တိုက်ရိုက်လျှောက်လာတဲ့ အခြေအနေ ဖြစ်လို့ လုပ်ထုံးလုပ်နည်းနဲ့ ညီအောင် ဆောင်ရွက်ပေးဖို့ ဒက္ခိဏ ခရိုင် ဥပဒေရုံးကို တရားရုံးက ပြန်လည် ညွှန်ကြားထားတယ်လို့ တရားလိုများရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်ပေးမယ့် ဒေါ်ရွက်နုအောင်က သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။