ဧရာဝတီ၊ ဇူလိုင် ၂၅၊ ၂၀၁၉
နေပြည်တော်တပ်မတော်စစ်သမိုင်းပြတိုက်ထဲမှာ တပ်မတော်ရဲ့သမိုင်းကြောင်းနဲ့အသုံးပြုခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေကို တခမ်းတနားပြသထားပါတယ်။
အဲ့ဒီပြတိုက်ကြီးထဲမှာ တပ်မတော်ကို စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြခန်းလည်း ပါဝင်ပါတယ်။ ဗိုလ်ချုပ်အသုံးပြုခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုကြည့်ရှု လေ့လာနိုင်ပြီး ရဲဘော်သုံးချိပ်ဝင် တပ်မတော်သားတွေရဲ့ ပုံတွေနဲ့ ဗိုလ်ချုပ်ပုံတွေကိုလည်း ကြည့်ရှုနိုင်တာမို့ စိတ်ဝင်စားစရာကောင်းပါတယ်။
ရိုက်ကူး/တည်းဖြတ် – ကျော်သူရ