ဧရာဝတီ၊ ဇူလိုင် ၂၅၊ ၂၀၁၉
ကမ္ဘာ့ရှားပါး ငှက်မျိုးစိတ်တခု ဖြစ်ပြီး မျိုးသုဉ်းမယ့်အန္တရာယ်အဆင့် သတ်မှတ်ထားတဲ့ ကြိုးကြာခေါင်းနီတွေဟာ မြန်မာနိုင်ငံမှာသာ အများဆုံးတွေ့ရှိရတော့ပြီး ဧရာဝတီတိုင်းဒေသကြီးမှာ အများဆုံးနေထိုင်ကျက်စားကြပါတယ်။
ကမ္ဘာပေါ်မှာ ကြိုးကြာမျိုးစိတ်ပေါင်း (၁၀) မျိုးနီးပါး ရှိတဲ့အထဲက ကြိုးကြာမျိုးစိတ်(၂) မျိုးကို မြန်မာနိုင်ငံမှာ တွေ့ရှိရပြီး အခုအခါမှာတော့ ကြိုးကြာကောင်ရေ ၆၀၀ နီးပါးသာ မှတ်တမ်း တင်ထားနိုင်ပါတော့တယ်။
ကြိုးကြာခေါင်းနီတွေဟာ ဧည့်သည်ဆောင်းခိုငှက်အမျိုးအစားမဟုတ်တဲ့ ဌာနေငှက်မျိုးစိတ် ဖြစ်ပါတယ်။
အင်တာဗျူး – ဇူးဇူး
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း