မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန် မြို့နယ်၊ မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်း ဆေးခြောက်စိုက်ပျိုးထားတယ်ဆိုပြီး တရားစွဲဆိုထားသူတွေကို သြဂုတ် ၅ ရက်နေ့က မြင်းခြံခရိုင်တရားရုံးမှာ ၈ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေတဦးကို စစ်ဆေးခဲ့ ပါတယ်။
စိုက်ခင်းနဲ့ပတ်သက်ပြီး စိုက်ပျိုးသူ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki (၆၃) နှစ်၊ စိုက်ခင်း တာဝန်ခံ ရှိန်းလတ် (၃၇)နှစ်၊ မရွှန်းလဲ့မြတ်နိုး (၂၃)နှစ်တို့ကို ဧပြီ၂၃ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
မူးယစ်ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများ ဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)(ခ)၊ ၂၀(က)(ခ) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
တရားစွဲဆိုခံထားရတဲ့ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki ကို ဇူလိုင်လ ၂၄ ရက်နေ့က ကျန်းမာရေးကောင်းမွန်ခြင်းမရှိတဲ့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၂(၁) ခြွင်းချက်အရ ကျပ်သိန်း ၃၀၀၀ တန် အာမခံပေးခဲ့တာဖြစ်ပါတယ်။
ရိုက်ကူး – ဒီလှိုင်းဝင်း
တည်းဖြတ် – ဝေယံမိုးမြင့်