အစ္စလာမ် ဘာသာအပေါ် ပုတ်ခတ်ဟောပြောခဲ့သည်ဟုဆိုကာ ဦးလှဆွေ(ဘူးလက်)အား သာသနာ ညိုးနွမ်း စေမှု ပုဒ်မ ၂၉၅(က)ဖြင့် အရေးယူပေးရန် မရမ်းကုန်းမြို့နယ်တရားရုံးတွင် ယနေ့ဦးတိုက်လျှောက်ထားခဲ့သော်လည်း ဟောပြောပွဲပြုလုပ်ခဲ့သည့် ကျောက်တံတားမြို့နယ်တွင်သာ ဦးတိုက်လျှောက်ထားစွဲဆိုရန် တရားရုံးက ဆုံးဖြတ်ခဲ့သည့်အတွက် သြဂုတ်လ ၇ ရက်နေ့တွင် ကျောက်တံတားမြို့နယ်တွင် တရားစွဲဆိုမည်ဖြစ်ကြောင်း တရားလို အစ္စလာမ် ဘာသာရေးခေါင်းဆောင် တဦးဖြစ်သူ ဦးစန်းအောင်က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။