စင်ကာပူကနေ ပြည်နှင်ဒဏ် ပြန်ပို့ခံရတဲ့ AA နဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံထားရသူတွေကို ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေက AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုမြတ်လင်းဦး၊ ကိုရွှေလှိုင်သန်း တို့ဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)(ခ)တို့နဲ့ အသီးသီး အမှုဖွင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း