ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မြေပြိုကျမှုကြောင့် သေဆုံးသွားခဲ့သူများ၏ ရုပ်အလောင်းများ ၅၁ လောင်း တူးဖော်ရှိပြီဖြစ်ကြောင်း သိရသည်။
သြဂုတ်လ ၉ ရက်နေ့မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်မြေများ ပြိုကျကာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားသော ဥတ္တရာ ရာမ ဘုန်းကြီးကျောင်း နေအိမ် ၂၅ လုံးနှင့် လမ်းပေါ်တွင် ရပ်ထားသည့် ကုန်ကား ၄ စီး အိမ်စီးကား ၁ စီးတို့ တောင်မြေပိခဲ့ကြောင်း ပါင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောသည်။
လက်ရှိအချိန်အထိ တူးဖော်ရေး လုပ်ငန်းများကို ဆက်လက်ပြုလုပ်နေပြီး ပျောက်ဆုံးနေဆဲ လူဦးရေ အတိအကျကို ခန့်မှန်းရန် ခက်ခဲနေဆဲဖြစ်ကြောင်း ပေါင်မြို့နယ်အတွင်း နောက်ထက် ၂ နေရာတွင် မြေပြိုမှု ထပ်မံဖြစ်ခြင်းကြောင့် လူသေဆူံးမှု မရှိသော်လည်း နေအိမ် ၂ လုံး ပျက်စီးခဲ့သည်ဟု သိရသည်။
ရိုက်ကူး- ထက်ခေါင်လင်း