ဧရာဝတီ၊ သြဂုတ် ၁၂ ၊ ၂၀၁၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်းကျေးရွာအုပ်စုရှိ မလတ်တောင်ပြိုကျမှုဖြစ်စဉ်ကြောင့် မြေဖုံးအုပ်သွားသော အလောင်းတွေကို ရှာဖွေရာမှာ ယခု သြဂုတ် ၁၂ ရက် ၄ ရက်မြောက်နေ့တွင် သေဆုံးသူ အလောင်း ၅၇ လောင်း ရှာဖွေ တွေ့ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။
တောင်ပြိုမှုဖြစ်ပွားခဲ့သော ဧရိယာအတွင်း အိမ်ထောင်စု၂၇ စု နေထိုင်ကြပြီး လူဦးရေ ၁၆၉ ဦးနေထိုင်ကြကာ ဒဏ်ရာရရှိသူ ၄၇ ဦးကို ဆေးရုံတင်ပို့ထားရသည်။ ဒဏ်ရာမရရှိဘဲ လွတ်မြောက်ခဲ့သူများလည်း ရှိပြီး အချို့မှာ ပျောက်ဆုံးနေဆဲဟု သိရပါတယ်။
ရိုက်ကူး/ တည်းဖြတ်- ဉာဏ်စိုးဝင်း