ဧရာဝတီ၊ သြဂုတ် ၁၂ ၊ ၂၀၁၉
လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက နှစ်စဉ် ဝါခေါင်လဆန်း ၁၁ ရက်နေ့မှာ ကျင်းပလာခဲ့တဲ့ တောင်ပြုံးပွဲတော်ရဲ့ အစည်ကားဆုံး နေ့ဖြစ်တဲ့ ချိုးရေတော်သုံး အခမ်းအနားကို သြဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ချိုးရေတော်သုံးတဲ့ နေ့ကို မြန်မာတနိုင်ငံလုံးရှိ နတ်ကိုးကွယ် ယုံကြည်သူအများအပြား လာရောက်ကြရာ တိုးမပေါက်အောင် စည်ကားနေတာကို တွေ့ရပါတယ်။
ရိုက်ကူး- ဇော်ဇော်၊ ဧရာဝတီ