ဧရာဝတီ ၊ သြဂုတ် ၁၄ ၊ ၂၀၁၉
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် ဗိုလ်မှူးကြီး ဖုန်းတင့်နေရာတွင် အစားထိုးရန် အတွက် ဗိုလ်မှူးကြီး မင်းသန့်အား ယနေ့ ပြည်နယ်လွတ်တော်တွင် တပ်မတော်သား လွတ်တော်ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည် ။
အဆိုပါ ဗိုလ်မှူးကြီး မင်းသန့်အား ဝန်ကြီးချုပ် ဦးညီပုက လုံ/နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်ထံ အဆိုပြုတင်သွင်းထားသည့်အတွက် လွတ်တော်က ခိုင်လုံသောအထောက်အထားဖြင့် ကန့်ကွက်မှု မရှိလျှင် လာမည့် ဩဂုတ်လ ၁၆ ရက်နေ့တွင် ၎င်းအား လုံ/ နယ်ဝန်ကြီး အဖြစ် လွှတ်တော်က ခန့်အပ်တာဝန်ပေးမည် ဖြစ်သည်။
ရိုက်ကူး- မင်းအောင်ခိုင်