ဧရာဝတီ၊ သြဂုတ် ၁၇၊ ၂၀၁၉
uab ဘဏ်ဖွင့်လှစ်ခြင်း (၉) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းနဲ့ ခဝဲခြံမျက်မမြင်ကျောင်းတို့က ကလေးသူငယ်တွေကို တနေ့တာ အာဟာရ လှူဒါန်းခဲ့ပြီး တကျောင်းကို အလှူငွေကျပ် (၁၀)သိန်းစီလည်း လှူဒါန်းခဲ့ပါတယ်။
Euromoney က ချီးမြှင့်တဲ့ မြန်မာ့အကောင်းဆုံးဘဏ်ဆုကို ပြီးခဲ့တဲ့ ဇူလိုင်လက ရရှိထားတဲ့ uab ဘဏ်ဟာ ရန်ကုန်မြို့မှာ ဘဏ်ခွဲပေါင်း (၄၄)ခုရှိပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘဏ်ခွဲ (၇၈) ခု ရှိပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း