ဧရာဝတီ၊ သြဂုတ် ၁၉၊ ၂၀၁၉
သဘာဝကို အလွယ်တကူ ပုံချပြောဆိုနေကြတာဟာ တကယ်တော့ မမှန်ကန်ပါဘူး။ လူသားတွေရဲ့ ပြုလုပ်ဆောင်ရွက်မှုတွေ၊ လူ့ပယောဂတွေကြောင့် သဘာဝဘေးအန္တရာယ်တွေဟာ လူသားတွေအပေါ် ပိုမိုကြီးထွားစွာ ကျရောက်လာခဲ့တာပါ။ ဒါကြေင့် လူ့ပယောဂတွေကို လျှော့ချနိုင်ပါမှ သဘာဝဘေးကြုံခဲ့ရင်တောင် ဆုံးရှုံးမှုနည်းပါးမယ်လို့ ပညာရှင်တွေက ဆိုပါတယ်။လူလုပ်ဘေးဖြစ်လာတဲ့ သဘာဝဘေးကို လူသားတွေအားလုံး ဆင်ခြင်ကြဖို့ လိုအပ်လာပြီလို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။
ရိုက်ကူး – ဧရာဝတီ
တည်းဖြတ် – ဇော်နောင်လင်း