မြန်မာ့ခရီးသွားလုပ်ငန်း ကဏ္ဍမြှင့်တင်ဖို့ ရည်ရွယ်ပြီး အာဆီယံအစားအစာပွဲတော်ကို မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာမှာ သြဂုတ်လ ၁၇ရက်မှ ၁၈ရက်အထိ ကျင်းပခဲ့ပါတယ်။
အဲဒီပွဲတော်မှာ လူသိနည်းနေသေးတဲ့ မြန်မာ့တိုင်းရင်းသားရိုးရာ အစားအစာများ၊ အာဆီယံနိုင်ငံများရဲ့ အစားအစာများအပြင် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားစတဲ့နိုင်ငံတွေရဲ့ အစားအစာတွေပါ ပါဝင်ပြသခဲ့တာဖြစ်ပါတယ်။
ပွဲတော်ကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ နိုင်ငံတကာ သံအရာရှိများလည်း တက်ရောက်ခဲ့ပါတယ်။