ဧရာဝတီ၊ သြဂုတ် ၂၂ ၊ ၂၀၁၉
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အခြေခံမဲဆန္ဒရှင်စာရင်းကို ၂၀၁၉ စက်တင်ဘာလတွင် အပြီးသတ်ပြုစုသွားရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားရာ မွန်ပြည်နယ်ရှိ ရေနစ်မြုပ်နေသော ဒေသများ၌ သတ်မှတ်ကာလအတွင်း မဲစာရင်းပြုစုရန် လက်တလော အခက်အခဲရှိနေကြောင်း သိရသည်။
မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ခံရရှိထားပြီးသော တပြည်နယ်လုံးရှိ လူဦးရေစာရင်းမှာ ၇ သိန်းခွဲကျော်ရှိပြီး ကွန်ပျူတာရေးသွင်းပြုစုပြီးသော အခြေခံမဲဆန္ဒရှင်ဦးရေစာရင်းမှာ သြဂုတ်လ ၂၀ ရက်ထိ ၃၇၀,၀၀၀ ကျော်ကို ပြုစုပြီးစီးပြီဟု သိရသည်။
မွန်ပြည်နယ်တခုလုံးအနေဖြင့် မဲဆန္ဒရှင်ဦးရေ ၁၇ သိန်းဝန်းကျင် ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
ရိုက်ကူး/ တည်းဖြတ်- ဉာဏ်စိုးဝင်း