ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နှင့် သိန္နီမြို့နယ်အကြားရှိ ရေပူ စစ်ဆေးရေးဂိတ်ကို မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များက RPG များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ဆေးရေးဂိတ် တာဝန်ရှိသူများက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ပိန်းဆာပြည်သူ့စစ်အဖွဲ့ဝင် တဦးထံ လာရောက်လည်ပတ်သည့် မိတ်ဆွေတဦး သေဆုံးခဲ့သလို တခြားတဦးမှာလည်း ခြေထောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာတွင် မပေါက်ကွဲသေးသည့် RPG ဗုံးသီးနှစ်လုံးကိုလည်း တွေ့ရှိခဲ့သည်။
အင်တာဗျူး – ကျော်ခ
ရိုက်ကူး – ငြိမ်းဇော်
ဓာတ်ပုံ – ဇော်ဇော်