“လွတ်လပ်သော တရားစီရင်မှု ရရှိရေး၊ စစ်ရှောင်ပြည်သူများ၏ ဘဝမှန်ခံစားချက်ကို အလေးထားပေးရေး ၊ IDP များ၏ ဘဝမှန် တေးသရုပ်ဖော် တင်ဆက်ခြင်းအား ပြစ်ဒဏ်ပေးခြင်း အလိုမရှိ၊ မတရားသဖြင့် တရားစီရင်သော တရားသူကြီးအား အလိုမရှိ” ဟု ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများမှာ မြစ်ကြီးနားမြို့နယ် နှင့် ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းများမှ လူငယ်များဖြစ်ပြီး အင်အား ၁၀၀ နီးပါးရှိသည်။ စက်တင်ဘာလ ၅ရက် နှင့် ၆ရက်တွင် ဆန္ဒပြခဲ့ကြပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုမှာ နောက်ဆုံးနေ့ ဖြစ်သည်။ ဆန္ဒပြပွဲကို ဦးဆောင်သူ အင်ခွန်လနူးနှင့် ဒေါ်မလန်ခမ်းမိုင်တို့ကိ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ရိုက်ကူး /တည်းဖြတ်- အဲမလီ