မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်း မူလတန်းကျောင်းနဲ့ ကပ်လျှက်ရှိတဲ့ တောင်ပေါ်က အောင်စြင်္ကာစေတီတော်အရံစေတီတွေ နိမ့်ဆင်းသွားတဲ့အတွက် တောင်ပြိုကျမှု အန္တရာယ်တွေ ဖြစ်လာရင် မထိခိုက်စေဖို့ ကလေး ၁၄၀ ကျော်ကို သြဂုတ်လ ၂၇ ရက်နေ့က သဲဖြူကုန်း အလယ်တန်းကျောင်းကို ပြောင်းရွှေ့သင်ကြားစေခဲ့ပါတယ်။
ရဲပြားကုန်းမူလတန်းကျောင်းကို ပြောင်းရွှေ့တည်ဆောက်ဖို့ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းဘေး မုတ္တမကျွဲခြံ အဝင်လမ်းထောင့်မှာ မြေနေရာရရှိပြီးဖြစ်လို့ ပေ ၉၀၊ ပေ ၃၀ရှိတဲ့ RC ၂ ထပ်ကျောင်းဆောင်ကို စက်တင်ဘာ ၁၅ ရက်က နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သိန်း ၁ ထောင်ကျော်နဲ့ စတင်တည်ဆောက်နေပါတယ်။
ရိုက်ကူး – ဉာဏ်စိုးဝင်း
တည်းဖြတ် – ဇော်နောင်လင်း