ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလထဲမှာ သံတွဲ၊ ကချင်ပြည်နယ်(ရှင်ဘွေယန်)၊ ရေဦး၊ ရွှေဘို၊ မုံရွာ၊ ချောက်၊ မော်ကျွန်းစတဲ့ နေရာတွေမှာ ငလျင်လှုပ်ခတ်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဘာကြောင့် ငလျင်တွေ မကြာခဏ လှုပ်နေရတာလဲ၊ ငလျင်ကြီးတွေ လှုပ်ဖို့ ရှိနေသေးလား၊ အစိုးရကရော ငလျင်အန္တရာယ်နဲ့ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေလဲ စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ငလျင်အသင်းရဲ့နာယက ငလျင်ပညာရှင် ဒေါ်လှလှအောင်ကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။
အင်တာဗျူး – သဇင်လှိုင်
ရိုက်ကူး/တည်းဖြတ် – ကျော်သူရ