မွန်ပြည်နယ်၊ ပေါင်မြို့နယ်ထဲက ဇင်းကျိုက်အကျဉ်းဦးစီးဌာနရဲ့ ကျောက်ထုတ်လုပ်ငန်းက ကျောက်ခွဲသားတွေလွင့်စင်ပြီး ပြည်သူထိခိုက်ပါက အရေးယူပေးမယ်လို့ စက်တင်ဘာ၂၃ ရက်နေ့ က မွန်ပြည်နယ်လွှတ်တော်မှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။
ဇင်းကျိုက်အကျဉ်းဦးစီးဌာနရဲ့ကျောက်ထုတ်လုပ်ငန်းမှ ကျောက်မိုင်းခွဲစဉ် ကျောက်ခွဲသားအချို့မှာ ကျေးရွာထဲကို လွင့်စင်မှုတွေ ရှိခဲ့ပါတယ်။၂၀၁၈ ခုနှစ်ကလည်း ကျောက်ခွဲသားတွေ လွင့်စင်မှုကြောင့် ရွာသားအချို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူသေတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။
နောက်ထပ် ထိခိုက်ဒဏ်ရာရမှုများ မဖြစ်ပွားဖို့ မိုင်းခွဲမှုပုံစုံကို ပြောင်းလဲပေးသွားမှာဖြစ်ပြီး ထပ်မံထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်ပါက အရေးယူပေးသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။