ဧရာဝတီ၊ စက်တင်ဘာ ၂၄၊ ၂၀၁၉
အင်ဒိုနီးရှားနိုင်ငံမှာ တောမီးလောင်ကျွမ်းမှု ပိုမို ဆိုးရွားလာရာ ဂျမ်ဘီပြည်နယ်မှာဆိုရင် တောမီးလောင်ကျွမ်းမှု အရှိန်ကြောင့် ကောင်းကင်တခုလုံးနီရဲနေသလို မီးခိုးများကြောင့်လည်း လေထုညစ်ညမ်းမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး၊ တောရိုင်းတိရစ္ဆာန်များ သေကြေပျက်စီးနေရပါတယ်။