ဧရာဝတီ၊ စက်တင်ဘာ ၂၅ ၊ ၂၀၁၉
ဗစ်တိုးရီးယားအမှုမှ သံသယတရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ပုဗ္ဗသီရိမြို့နယ်တရားရုံမှာ တရားစွဲဆိုလိုက်ပါတယ်
ဒေါ်ဥမ္မာလှိုင်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံ)၊ ကလေးသူငယ် ဥပဒေတို့နဲ့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပေမယ့် နိုင်လွတ်လုံနဲ့ စွဲဆိုနိုင်ခြင်းမရှိဘဲ ကလေးသူငယ် ဥပဒေများဆိုင်ရာ ပုဒ်မ ၁၀၁ (က) ၂ နဲ့ စွဲဆိုမှုကို သာ တရားရုံးက လက်ခံခဲ့ပါတယ်။
ဒေါ်စုဒါလီအောင်အနေနဲ့ တရားရုံးက အာမခံရရှိခဲ့ပြီး ဒီအမှုကို ရင်ဆိုင်သွားမှာဖြစ်သလို ဗစ်တိုးရီးယားအမှုကို ဆက်လိုက်မှာဖြစ်တယ်လို့ ပြောပါတယ်။
ရိုက်ကူး- ကျော်မျိုး ၊မိုးမိုး
တည်းဖြတ်- အဲမလီ