နိုင်ငံတော်ဘဏ္ဍာငွေကျပ်သိန်း ၄၃၀ နဲ့ ဝင်းသပြေ ကုမ္ပဏီက တည်ဆောက်ခဲ့တဲ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျားဘိုကျေးရွာရှိ စာသင်းခန်းဆောင်မှာ တည်ဆောက်ပြီး ၃ နှစ်ကျော် စက်တင်ဘာ ၂၂ ရက်နေ့မှာ ခေါင်အမိုးမျက်နှာကျက် ပြိုကျခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူအချို့မှာ ပွန်းခြစ်ဒဏ်ရာ ထိခိုက်မှုနဲ့ ထိတ်လန့်မှုတွေ ဖြစ်ခဲ့ရပါတယ်။
ဒီလို နိုင်ငံဘဏ္ဍာငွေနဲ့ တည်ဆောက်နေတဲ့ အဆောက်အဦးဟာ အချိန်တိုကာလအတွင်း ပြိုကျပျက်စီမှုကို ပြည်နယ်အစိုးရက ဘယ်လိုအရေးယူဆောင်ရွက်မလဲ ဆိုတာလက်တလောမှာ မသိရှိရသေးပါဘူး။
ကျားဘိုကျေးရွာဒေသခံတွေကတော့ နိုင်ငံတော်ဘဏ္ဍာနဲ့ တည်ဆောက်နေတဲ့ အဆောက်အဦးတွေကို ကြာရှည်အာမခံချက် ပေးနိုင်ဖို့နဲ့ အရည်အသွေး စစ်ဆေးမှုတွေကို ကြပ်မတ်ဖို့ လိုအပ်နေတယ်လို့ သုံးသပ်ကြပါတယ်။
ရိုက်ကူး/ တည်းဖြတ်- ဉာဏ်စိုးဝင်း