ဧရာဝတီ၊ စက်တင်ဘာ ၃၀ ၊ ၂၀၁၉
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်စံပြကျေးရွာ (ဝင်းရော်ဒေသ) တွင် အကြိမ်(၂၀) မြောက် တော်သလင်းလပြည့် အထိမ်းအမှတ် ရေးကူး၊ ရေငုပ်နှင့် လှေလှော်ပြိုင်ပွဲကို စက်တင်ဘာ ၂၈ ရက်မှာ ကျင်းပခဲ့ပါတယ်။
တော်သလင်းလပြည့် အထိမ်းအမှတ် ပွဲတော်ရက်ကို ပုံမှန်အားဖြင့် တော်သလင်း လပြည့်နေ့မှာ ကျင်းပပေမယ့် ဒီနှစ်မှာတော့ ရေကြီးနစ်မြုပ်မှုတွေကြောင့် ပွဲတော်ရက်ကို တော်သလင်းလကွယ်နေ့မှာ ကျင်းပရတာဖြစ်ပါတယ်။
ရှေးယခင်လူကြီးတွေ ကျင်းပခဲ့ကြတဲ့ ဒီပွဲတော်ရက်ကို နှစ်ပေါင်း အချိန်အတော်ကြာ မကျင်းပနိုင်ခဲ့ဘဲ ၂၀၁၇ ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ရိုက်ကူး /တည်းဖြတ်- ဉာဏ်စိုးဝင်း