လက်ရှိ စီးပွားရေးကျဆင်းနေတယ်လို့ပြောတဲ့နယ်ပယ်တွေထဲမှာ
အိမ်ခြံမြေလုပ်ငန်းကအထိနာဆုံးလို့ပြောကြပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အိမ်ခြံမြေလောကအထိနာတယ်ဆိုပေမဲ့
အိမ်ခြံမြေစျေးကမကျလို့
သာမန်အိမ်ခြံမြေဝယ်ချင်တဲ့သူတွေမကပ်နိုင်ဘဲ စျေးကစားတဲ့သူတွေ၊ငွေမည်းကိုငွေဖြူလုပ်တဲ့သူတွေအတွက်
သတ်သတ်ဖြစ်နေတယ်လို့ဝေဖန်ပြောဆိုနေတာတွေရှိပါတယ်။
အဲဒီလိုအချိန်မှာပဲ အောက်တိုဘာ၁ရက်နေ့ကစပြီးအသက်ဝင်မယ့်
အခွန်ကင်းလွတ်ခွင့်ကြောင့် အိမ်ခြံမြေစျေးကွက်ပြန်ကောင်းလာနိုင်တယ်လို့သုံးသပ်တာတွေရှိနေပါတယ်။
အဲဒါကြောင့် လက်ရှိအိမ်ခြံမြေစျေးကွက်ဘယ်လိုရှိသလဲ၊
ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာတွေကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သလို
MKT Construction Co.,Ltdရဲ့ Chairmanလည်းဖြစ်တဲ့ဦးမျိူးမြင့်နဲ့တွေ့ဆုံမေးမြန်းဆွေးနွေးထားပါတယ်။
ရိုက်ကူး – အောင်ခိုင်မျိုး
တည်းဖြတ် – ကျော်သူရ