Naing Group Capital မှကျင်းပသော Honorific Dinner အခမ်းအနားကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းရှိ KBZ Tower ၌ အောက်တိုဘာ ၄ ရက်နေ့ တွင်ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် Naing Group Capitalမှ ဆောက်လုပ်သည့် Naing Group Office Tower 2 နှင့် KBZ Tower တို့မှ အခန်းဝယ်ယူထားသူများအား လူနေထိုင်ခွင့်ပြုမိန့် BCC တို့ကို လွှဲပြောင်းပေးအပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေးကော်မတီမှ ကိုယ်စားလှယ်များ၊ အနုပညာရှင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များတက်ရောက်ခဲ့ကြသည်။
NGC 20:2020 အဆင့်မြင့် ကွန်ဒိုအိမ်ရာ အရောင်းပွဲတော်ကို အောက်တိုဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းရှိ KBZ Tower တွင် ပြုလုပ်လျက်ရှိသည်။
ရိုက်ကူး- ဇော်နောင်လင်း
တည်းဖြတ်- အဲမလီ