မိဘနှစ်ပါးလုံးရဲ့ မှတ်ပုံတင်မှာ ပါဝင်ခြင်းမရှိတဲ့ လူမျိုးအမည်တွေကို သားသမီးတွေရဲ့ မှတ်ပုံတင်မှာ ထည့်သွင်းထားတာနဲ့ ပတ်သတ်ပြီး လွှတ်တော်ကိုယ်တော် ကိုယ်စားလှယ်ရဲ့ မေးမြန်းချက်ကို သေချာသိချင်တယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် အဲ့ဒီလူတွေကို ခေါ်ပြီး (လဝက)ရုံးမှာ သွားစစ်ကြည့်ပါလို့ ဖြေကြားလိုက်တဲ့ ဝန်ကြီးကို လွှတ်တော်အတွင်း တလေးတစားဖြေဆိုဖို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကြီးက သတိပေးပြောဆိုလိုက်ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ ကျင်းပတဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄ ) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ သထုံမဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ မေးမြန်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်ရဲ့ ဖြေကြားမှုအပေါ် သတိပေးခဲ့တာ ဖြစ်ပါတယ်။