မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်းက မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှုကြောင့် လူ ၄၀၀၀ ခန့်သေဆုံးခဲ့ရပြီး တဖြည်းဖြည်း အရေအတွက်ပိုများလာနိုင်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက သတိပေးထားပါတယ်။
ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွေကြောင့် စက္ကန့် ၄၀ တိုင်း လူတယောက်နှုန်း သေဆုံးနေရပြီး အသက် ၁၅ နှစ်ကနေ ၂၉ နှစ်အတွင်း လူငယ်တွေသေဆုံးရခြင်းရဲ့ အကြောင်းတရားတွေအထဲမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုက ဒုတိယ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း