ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာ အောက်တိုဘာလ ၉ ရက်က တပ်မတော်နဲ့ တအောင်းပလောင် TNLA တပ်ဖွဲ့ကြား တိုက်ပွဲတွင် တပ်မတော်ဘက်က ၃ ဦးကျဆုံးခဲ့ပြီးဒေသခံပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မြို့တွင်းဈေးအနီးဝန်းကျင်တွင် အပြန်အလှန်ပစ်ခတ်မှုကြောင့် လူနေအိမ် ၁၅ လုံး လက်နက်ကြီး ထိမှန်၍ ပျက်ဆီးခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပြီး နောက်နေ့တွင် သိန္နီမြို့ ပုံမှန်အနေအထားဖြစ်နေပေမယ့် ဒေသခံများက နောက်ထပ်ပစ်ခတ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ရိုက်ကူး /တည်းဖြတ် – ငြိမ်းဇော်