မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးပြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး)က ကျောက်စိမ်းအရိုင်း၊ အချောထည်နဲ့ ကျောက်မျက်ရတနာ ရောင်းချပွဲကို မန္တလေးမြို့ရှိ MCC ခန်းမမှာ အောက်တိုဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိကို ကြည့်ရှုရက်အဖြစ် သတ်မှတ်ထားပြီး အောက်တိုဘာ ၂၆ မှ ၂၉ ရက်အထိမှာတော့ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ လက်ဝတ်ရတနာဆိုင်ခန်းပေါင်း ၄၉ ခန်း၊ ကျောက်စိမ်းအရေအတွက်ကို ကွင်းဝင်ဆံ့မှုအခြေအနေပေါ်မူတည်ပြီး အတွဲပေါင်း ၃၅၀၀ အထိလက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ကျောက်မျက်ပြပွဲတွေကို အရင်က ရန်ကုန် နဲ့နေပြည်တော်မှာသာ ကျင်းပခဲ့တာဖြစ်ပြီး အခု မန္တလေးမှာ ပထမဦးဆုံးအကြိမ်ကျင်းပမှာ ဖြစ်ပါတယ်။
ပြပွဲကျင်းပရေးကော်မတီကို ဧရာဝတီဘဏ်က ကျပ်သိန်းသုံးရာ ထောက့်ပံ့ပေးထားပြီး ရောင်းသူဝယ်သူ
နှစ်ဦးနှစ်ဖက်ကြားမှာ ပြေလည်မှုရှိအောင် ဧရာဝတီဘဏ်မှဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – အောင်ခိုင်မျိုး၊ ကျော်သူရ