ရန်ကုန်မြို့က YBS ကားတွေကို ကတ်နဲ့ငွေပေးချေတဲ့ စနစ်ကို အောက်တိုဘာ ဒုတိယပတ်မှာ စတင်တော့မှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကားအစီးရေ ၁၅၀၀ ကို စတင်တပ်ပေးမှာ ဖြစ်ပြီး ဒီဇင်ဘာလအထိ တပ်ဆင်ပေး သွားမယ်လို့ သိရပါတယ်။ ကတ်စနစ် လုပ်ဆောင်ဖို့ တင်ဒါခေါ်ခဲ့ရာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကုမ္ပဏီ ၅၆ ခုမှ Asia Starmar Transport Intelligent ကုမ္ပဏီကို ရွှေးချယ်ခဲ့ပါတယ်။
ရိုက်ကူး/ တည်းဖြတ်- အောင်ကိုကိုဦး