ပြင်သစ်နိုင်ငံမှ တရားဝင် ကိုယ်စားလှယ်အဖြစ် တင်သွင်းပြီး မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်တာ ဖြစ်ပါတယ်။ World Brand တခုဖြစ်တဲ့ Lacoste ကို ၁၉၃၃ ခုနှစ်မှာ စတင်ဖန်တီးခဲ့ပြီး ကမ္ဘာတဝှမ်းမှာ လူကြိုက်များတဲ့ Brand တခုအဖြစ်သာမက သေသပ်လှပတဲ့ ပုံစံတွေနဲ့ အားကစားကဏ္ဍရဲ့ အရေးပါတဲ့ ဝတ်စုံတခု အဖြစ် နေရာယူထားပြီး ခုနောက်ပိုင်းမှာတော့ အမျိုးသား အမျိုးသမီး လူငယ်လူရွယ်အတွက်ပါ ခေတ်မှီဒီဇိုင်းမျိုးစုံ ဖန်တီးထုတ်လုပ် ထားတာဖြစ်ပါတယ်။
Lacoste ကို နိုင်ငံပေါင်း ၁၂၀ မှာအောင်မြင်စွာ ဖွင့်လှစ်ရောင်းချနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ရန်ကုန်မြို့ မြန်မာပလာဇာမှာ ပထမဆုံး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
ရိုက်ကူး -အဲမလီ ၊ ဇော်နောင်လင်း
တည်းဖြတ-် အဲမလီ