အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး နဲ့ကိုတင်လှိုင်ဦးတို့အမှုတွဲအား စွပ်စွဲခံထားရသူဘက်မှ မြောက်ဦးစစ်တမ်းစာအုပ်အား သက်သေခံတင်သွင်းခဲ့တဲ့အပေါ်တရားလိုရှေ့နေဘက်မှ ကန့်ကွက်ခဲ့ပါတယ် ။
ဒီကနေ့ရုံးချိန်းမှာတရားလိုဖြစ်တဲ့ ရဲမှူးတင့်ရွှေကိုဆက်လက်စစ်ဆေးခဲ့ပြီး မြောက်ဦးစစ်တမ်းစာအုပ်ကို တရားလိုရှေ့နေဘက်က ကန့်ကွက်ခဲ့လို့ လာမယ့် အောက်တိုဘာ (၃၁)ရက်နေ့မှာ သက်သေခံဖြစ်မဖြစ် အနောက်ပိုင်းခရိုင်တရားရုံးမှာ အမိန့်ချမယ်လို့ သိရပါတယ် ။
မြောက်ဦးစစ်တမ်းစာအုပ်ဟာ ၂၀၁၈ခုနှစ်က နိုင်ငံရေးအမျိုးသားစာပေဆုရရှိထားတာဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဝေနှင်းထွဋ်