နှစ်ပေါင်း ၃၀ ကြာ သက်တမ်းရှိတဲ့ ASUS ဟာ ကမာ့ ထိပ်တန်းကုန်အမှတ်တံဆိပ် ဖြစ်လာပြီး အာရှပစိဖိတ်ဒေသမှာ နံပါတ် ၁ သုံးစွဲသူအကြိုက်ဆုံး Laptop အဖြစ် ရပ်တည်နေပါတယ်။
မြန်မာနိုင်ငံမှာလည်း စျေးကွက်ဝေစု ၃၀ ရာခိုင်နှုန်းရအောင် ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ ASUS က ရည်မှန်းချက်ချထားပြီး ASUS ဝန်ဆောင်မှုစင်တာနဲ့ ASUS သီးသန့်စတိုးကို ထူထောင်သွားဖို့ ဆောင်ရွက်နေပါတယ်။
ASUS ဟာ ၂၀၁၈ ခုနှစ်မှာ ဆုပေါင်း ၁၁ ဆုရရှိခဲ့ပြီး Thomson Reuters Top 100 Global Tech Leaders နဲ့ Fortune’s World’s Most Admired Companies တို့မှာလည်း စာရင်းသွင်း အသိအမှတ်ပြုခံခဲ့ရပါတယ်။