ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွေမှာ တပ်မတော်နဲဲ့ ရက္ခိုင့်စစ်တပ်( AA ) တို့ စစ်ရေး ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဒေသခံ ပြည်သူများမှာ စစ်ဘေး ရှောင်စခန်းတွင် ဖြစ်သလို နေထိုင်နေရပြီး သူတို့ရဲ့ အိမ်ပြန်နိုင်ဖို့အခြေအနေဟာအလှမ်းဝေးဆဲ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် စစ်ပွဲကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုနဲ့အတူ နှစ်ဘက်စစ်ရေးလှုပ်ရှားမှုအခြေအနေတွေကြောင့် အရပ်သား သေဆုံးမှု ၈၀ ဦး၊ ထိခိုက် ဒဏ်ရာ ရရှိသူ ၁၂၀ ကျော်အထိ တိုးလာနေပြီး အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် ၆၀,၀၀၀ ကျော်အထိ တိုးလာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး ( Rakhine Ethnic Congress ) က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများ ဆက်လက် မြင့်တက်နေမှုနဲ့အတူ အရပ်သားသေဆုံးမှု ၊ ထိခိုက်ဒဏ်ရာရရှိမှုများနဲ့ ဖမ်းဆီးတရားစွဲခံရမှုများမှာလည်း တနေ့ထက် တနေ့ များပြားလာနေပါတယ်။
လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များဖြစ််််တဲ့ ကျောက်တော် ၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင် ၊ ဘူးသီးတောင် ၊ မြောက်ဦး ၊ မင်းပြား ၊ မြေပုံ စတဲ့ မြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်စစ်တပ်( AA ) တို့ နှစ်ဘက်တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဝေနှင်းထွဋ်
#ငြိမ်းချမ်းရေး #စစ်ရှောင်ဒုက္ခသည် #ရခိုင်ပြည်မြောက်ပိုင်း #ပဋိပက္ခဒေသ #လူ့အခွင့်အရေး