မဒေါက်မြို့ရဲ့ နာမည်ကြီးပွဲတော်တခုဖြစ်တဲ့ တန်ဆောင်တိုင် မီးမျှောပွဲတော်ကို ၄၇ ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၉ ရက်ကနေ ၁၂ ရက်အထိ ၄ ရက်တိုင် ကျင်းပခဲ့ပါတယ်။
စစ်တောင်းမြစ်ထဲ ရောင်စုံမီးကြာခွက်တွေမျှောချပြီး ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆီမီးပူဇော်ကြတဲ့ မဒေါက်တန်ဆောင်တိုင်ပွဲတော်မှာ တိုင်းရင်းသားရိုးရာယိမ်းအက ယှဉ်ပြိုင်ဖျော်ဖြေမှုတွေနဲ့အတူ လှေလှော်ပြိုင်ပွဲ၊ လက်ဝှေ့ပွဲ၊ ခြင်းအလှခတ်ပွဲ၊ စတိတ်ရှိုး၊ ဇာတ်သဘင်ပွဲတွေကို ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။