မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန် မြို့နယ်၊ မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်း ဆေးခြောက်စိုက်ပျိုးသည်ဟုဆိုကာ တရားစွဲဆိုထားမှုကို ချေဖျက်ပေးရန် လျှောက်ထားခဲ့ရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံပြီး ကြားနာမှုများပြုလုပ်သွားမည်ဟု သိရသည်။
အဆိုပါအမှုကို အပြီးအပြတ်ချေဖျက်ပေးရန် နိုင်ဝင်ဘာလ ၁၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့လျှောက်ထားခဲ့ခြင်းဖြစ်ပြီး အပြီးသတ်လျှောက်လဲချက် ဆက်လက်တင်ပြရမည်ဟု သိရသည်။
မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်း ဆေးခြောက်စိုက်ပျိုးသည်ဟုဆိုကာ ဖမ်းဆီး၍ တရားစွဲဆိုခံထားရသူမှာ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki (၆၃) နှစ်၊ စိုက်ခင်းတာဝန်ခံ ရှိန်းလတ် (၃၇)နှစ်၊ မရွှန်းလဲ့မြတ်နိုး (၂၁) နှစ် တို့ဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့က မြင်းခြံခရိုင်တရားရုံးတွင် ၁၈ ကြိမ်မြောက် ရုံးထုတ်ခဲ့ကာ အမှုစစ်ဆေးခြင်းမပြုခဲ့ဘဲ ဒီဇင်ဘာလ ၂ ရက်နေ့သို့ ရုံးချိန်းပြန်လည်ချိန်းဆိုပေးခဲ့သည်။