ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာတွင် လက်နက်ခဲယမ်းများ တပ်မတော်မှ သိမ်းဆည်းရမိခဲ့သည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းတွင် ဟိုမိန်းကျေးရွာနှင့် အနီးတဝိုက်အားရှာဖွေရာမှ ကျေးရွာ၏ အရှေ့တောင်ဘက်အတွင်း TNLA ၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်း သိုဝှက်ထားသည့် နေရာ ၃ နေရာအား ရှာဖွေဖော်ထုတ် တွေ့ရှိခဲ့ခြင်းဖြစ်သည် ။
ပထမနေရာတွင် FN-6 ပခုံးထမ်း လေယာဉ်ပစ်လက်နက် ၁ လက်၊ လက်ပစ်ဗုံး ၃၇ လုံး၊ TNLA ယူနီဖောင်းမျိုးစုံ ထည့်ထားသည့် အိတ်ကြီး ၇၇ အိတ်တို့အား လည်းကောင်း၊ ဒုတိယနေရာမှ M-22 သေနတ် ၃၉ လက်၊ K-12 သေနတ် ၆၉ လက်၊ M-16 သေနတ် ၉ လက်၊ စက်သေနတ်အလတ်စား ၂၉ လက်၊ အာရ်ပီဂျီ(၇) ၁၆ လက်၊ အာရ်ပီဂျီ(၂) ၅ လက်၊ ၁၂ ဗို့ဆလိုက် ၂ လက်တို့အား လည်းကောင်း၊ တတိယနေရာမှ ၇.၆၂ မီလီမီတာ ကျည် ၄၃၁၆၀ တောင့်၊ ဒသမ ၅ ကျည် ၃၀၀၀ တောင့်၊ M-22 ကျည် ၁၀၅ တောင့်၊ M-22 ကျည်အိမ် ၁၄၀၀ ခု၊ ယမ်းပျော့ ၂၀ ပုံး၊ လက်ပစ်ဗုံး ၈၄၃ လုံး၊ ၆၀ မမ ဗုံး ၉၈ လုံး၊ ၆၀ မမ ထိပ်ဖူး ၉၀ လုံး၊ ၄၀ မမ ဗုံးသီး ၁၄၈ လုံး၊ အားမြှင့်ယမ်းဗူး ၈၈၅ ဗူးတို့အား လည်းအသီးသီး သိမ်းဆည်းရရှိခဲ့သည်ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေးကပြောကြားခဲ့သည်။
ရိုက်ကူး/တည်းဖြတ် – ဝေနှင်းထွဋ်