“ ICJ အရေးကို ဖြေရှင်းဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့သွားရှင်းမှာ မဟုတ်ဘူး၊ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့သွားရှင်းတာ။ အဲ့ဒါသူ့တာဝန်၊ သူရှင်းရမှာ၊ သူက နိုင်ငံခြားရေးဝန်ကြီးလေ။ သူ မလုပ်ရင် ဘယ်သူလုပ်မှာလဲ” လို့ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။
ဒီကနေ့ Orchid Hotel မှာ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအပါအဝင် အတိုက်အခံပါတီအင်အားစုတွေ ပူးပေါင်းပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇင်မိုးဝါ