မွန်တိုင်းရင်းသား ဘာသာစကားနဲ့ ထုတ်ဝေနေတဲ့ စနောင်းတိုင်း မွန်သတင်းဂျာနယ်ဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ မွန်တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် ဖော်ပြနိုင်ခဲ့ပြီး မွန်တိုင်းရင်းသားတို့ရဲ့ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ ယာဉ်ကျေးမှုတွေကို ဖော်ပြနိုင်ခဲ့တာကြောင့် နှစ် ၂၀ ပြည့်အောင် မွန်ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုနဲ့ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
စနောင်းတိုင်း မွန်သတင်းဂျာနယ်ဟာ မွန်ဘာသာနဲ့ ထုတ်ဝေတဲ့ စနောင်းတိုင်း မွန်သတင်းဂျာနယ် အပြင် မွန်သတင်းအေဂျင်စီ အမည်နဲ့ အွန်လိုင်းကို ပြောင်းလဲ လုပ်ကိုင်လာခဲ့ပြီး နှစ် ၂၀ ပြည့် အခမ်းအနားကိုတော့ မွန်ပြည်နယ်၊ ရေးမြို့မှာ နိုဝင်ဘာ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ရိုက်ကူး/ တည်းဖြတ်- ဉာဏ်စိုးဝင်း