AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံဝန်ထမ်းများ ပြန်လည်လွတ်မြောက်ရေးအတွက် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ် စနေထောင့်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့ က ဆုတောင်းပွဲပြုလုပ်ခဲ့သည်။
အဆိုပါဆုတောင်းပွဲကို ရဲပရဟိတအဖွဲ့မှဦးဆောင်၍ ဖမ်းဆီးခံရသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံဝန်ထမ်းများ၏ မိသားစုဝင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘုရားရင်ပြင်တော်ပေါ်၌ သံဃာတော်(၅) ပါး ပင့်ဖိတ်၍ သီလခံယူဆောက်တည်ကြကာ ဖမ်းဆီးခံထားရသူများ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် ဆုတောင်းမေတ္တာပို့ခဲ့ကြသည်။
ရိုက်ကူး- ဒီလှိုင်းဝင်း
တည်းဖြတ်- အဲမလီ