မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာ တည်ဆောက်နေတဲ့ တန် (၅၀၀၀) ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ဖျက်သိမ်းပေးဖို့နဲ့ အောင်သပြေကျေးရွာဒေသခံတွေ တရားစွဲဆိုခံနေရတဲ့အပေါ် ဒီကနေ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ နိုင်ငံရေးအင်အားစုတွေက ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲအပြီးမှာတော့ ဆန္ဒပြပွဲဦးဆောင်သူ (၄) ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇင်မိုးဝါ