လူထုဒေါ်အမာသည် မြန်မာ့စာပေလောကနှင့် သတင်းစာလောကတွင် ထင်ရှားကျော်ကြားပြီး အမှန်တရားနှင့် ပြည်သူလူထုဘက်မှ မားမားမတ်မတ်ရပ်တည်ကာ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ကလောင်အစွမ်းဖြင့် ဆောင်ရွက်ခဲ့သော စာရေးဆရာ၊ သတင်းစာဆရာမကြီး တဦးဖြစ်ပြီး မွေးနေ့ကို အသက်၇၀ ပြည့်သည့် ၁၉၈၅ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ကာ ယခုအခါ ၃၄ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။
လူထုဒေါ်အမာက သေဆုံးသည့်အထိ ပြည်သူလူထုအတွက် လုပ်ဆောင်သွားခဲ့ပြီး ၂၀၀၈ ခုနှစ် ဧပြီ ၇ ရက်နေ့ နံနက် ၈ နာရီ ၃၇ မိနစ် ၊ အသက် ၉၃နှစ်အရွယ်တွင် မန္တလေးမြို့ရှိနေအိမ်၌ ကွယ်လွန်ခဲ့သည်။
ရိုက်ကူး- ဒီလှိုင်းဝင်း ၊ အောင်ကိုကိုဦး
တည်းဖြတ်- ဇင်မိုးဝါ