မြန်မာပလာဇာမှာ ကျင်းပလျက်ရှိတဲ့ AYA Home Loan ပြပွဲမှာ အတိုးရာခိုင်နှုန်းကို ၁၃ % ကနေ ၁၂ % ကိုလျှော့ချပေးထားပါတယ်။
အိမ်ဝယ်ဖို့အခက်အခဲဖြစ်နေကြတဲ့ ဝန်ထမ်းတွေအတွက် အဓိကထား ပြုလုပ်တဲ့ ပြပွဲဖြစ်ပြီး သိန်း ၂၀၀ တန်ကနေ သိန်းထောင်ကျော်တန် အိမ်၊ ခြံ၊ တိုက်ခန်းနဲ့ ကွန်ဒိုတွေကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ကနဦးပေးသွင်းငွေအနည်းဆုံး ၃၀ % ပေးသွင်းရမှာဖြစ်ပြီး ၁၅ နှစ်အထိ အရစ်ကျပေးချေဝယ်ယူနိုင်မှာပါ။
ဧရာဝတီဘဏ်ဝန်ထမ်းတွေက ပျူငှာစွာနဲ့ အသေးစိတ်ကို စိတ်ရှည်လက်ရှည်ရှင်းပြပေးနေလို့ မြန်မာပလာဇာကို ချက်ချင်းပဲ လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ပြပွဲရက်ကတော့ နိုဝင်ဘာလ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာလ ၈ ရက်နေ့အထိဖြစ်ပါတယ်။
ရိုက်ကူး – ကျော်သူရ၊ ငြိမ်းဇော်
တည်းဖြတ် – ကျော်သူရ