ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန်ဖြေရှင်းရန် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာသွားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ဝန်းရံထောက်ခံသောအနေဖြင့် ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်ရှိ NLD ပါတီဝင်များ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် ပြည်သူများက ထောင်ကျော်သော အင်းအားဖြင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်းတွင် ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။
ရိုက်ကူး/ တည်းဖြတ်- ဉာဏ်စိုးဝင်း