တွင် တည်ဆောက်လည်ပတ်နေသည့် တရုတ်နိုင်ငံသားပိုင် ဟွာမန်အထည်ချုပ်စက်ရုံမှ အလုပ်သမား ၂၀၀ ကျော်က ဒီဇင်ဘာလ ၉ ရက်နေ့မှစတင်၍ စက်ရုံဝန်းအနီးတွင် အလုပ်မဆင်းဘဲ သပိတ်မှောက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
အလုပ်ရှင်၊ အလုပ်သမားများအကြား စာချုပ်ချုပ် သဘောတူညီထားသည့် အလုပ်သမားအခွင့်အရေးဆိုင်ရာ တောင်းဆိုချက် ၄၂ ချက်ကို ဟွာမန်အထည်ချုပ်စက်ရုံ ပိုင်ရှင်များဘက်မှ မလိုက်နာခြင်း၊ အလုပ်သမားများ တောင်းဆိုသည့် အကျိုးစီးပွားဆိုင်ရာ အချက် ၈ ချက်နှင့်ပတ်သတ်၍ ဧရာဝတီတိုင်း အလုပ်သမား ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ခြင်းကြောင့် ယခုလို သပိတ်မှောက်ခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
အလုပ်သမားများ သပိတ်မှောက်သည့်ကိစ္စနှင့်ပတ်သတ်၍ ဟွာမန်အထည်ချုပ်စက်ရုံပိုင်ရှင်များကို ဧရာဝတီက မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။
ရိုက်ကူး – ဆလိုင်းသန့်စင်