“ဒီခေတ်မှာ အင်တာနက်က မရှိမဖြစ်ပဲ၊ မရှိမဖြစ်တဲ့ဟာ တစ်ခုကို မရတဲ့အတွက်ကြောင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က ထိခိုက်နစ်နာနေတယ်၊ ရသင့်ရထိုက်တာကို မရအောင် ပိတ်ပင်တာဟာ ပြစ်မှုပဲ” လို့ မြောက်ဦးမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ အစိုးရက အင်တာနက် ဖြတ်တောက်ထားတာ ၆ လ ကျော်ကြာပြီးနောက် ဒီကနေ့မှာ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ရခိုင်ပြည်နယ်အတွင်း အင်တာနက်လိုင်း ရရှိရေး အရပ်ဖက်အဖွဲ့အစည်းတွေ ဦးဆောင် ဆန္ဒပြခဲ့ကြပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇင်မိုးဝါ