မြန်မာ့တပ်မတော်မှာ အကြီးမားဆုံးစစ်ရေယာဉ်ဖြစ်တဲ့ ဘက်စုံသုံး စစ်ရေယာဉ်မုတ္တမဟာ တပ်မတော် (ရေ) မှာ တပ်တော်ဝင်လာပြီး စတင်တာဝန်ထမ်းဆောင်နေပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့မှာကျရောက်တဲ့ ၇၂ နှစ်မြောက် တပ်မတော် (ရေ) နေ့မှာ ဘက်စုံသုံး စစ်ရေယာဉ် Multi Purpose Support Vessel (MPSV) မုတ္တမဟာ ကမ်းရိုးတန်း သယ်ယူပို့ဆောင်ရေးယာဉ် မြစ်ကြီးနား၊ ၂၇ မီတာ အမြန်သွား ကင်းလှည့်ရေယာဉ် ၂ စီး၊ ၂၆ မီတာ ပင်လယ်သွား တွဲ/ဆွဲရေယာဉ် ၂ စီးနဲ့ ၂၀ မီတာ မြစ်တွင်းသွား ကင်းလှည့်ရေယာဉ် ၂ စီးတို့နဲ့ အတူ တပ်တော်ဝင်ခဲ့တာ ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း