အီရတ်ရှိ အမေရိကန် စစ်စခန်းတွေကို အီရန်က ဒုံးကျည်တွေနဲ့ လက်တုန့်ပြန်တိုက်ခိုက်ချိန်မှာပဲ အီရန်မြို့တော် တီဟီရန် ကနေ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို သွားမယ့် ယူကရိန်းအမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင် ဘိုးရင်း 737 အမျိုးအစားလေယာဉ်ဟာ အီမန် ခိုမေနီနိုင်ငံတကာလေဆိပ်မှ ပျံတက်စဉ် ပျက်ကျသွားပါတယ်။
အဆိုပါ ခရီးသည်တင်လေယာဉ် ဘာကြောင့် ပျက်ကျရတယ်ဆိုတာ အသေးစိတ် မသိရပေမယ့် အီရန်မီဒီယာတွေ ကတော့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုလို့ ဆိုပါတယ်။
ဒါပေမယ့် တိုက်ဆိုင်တာကတော့ အီရတ်ရှိ အမေရိကန် စစ်စခန်းတွေကို အီရန်က ဒုံးကျည်နဲ့ တိုက်ခိုက်စဉ် ခရီးသည်တင် လေယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့တာပါ။