ဝန်ကြီးများရုံးကို နှစ် ၅၀ စာချုပ်နဲ့ ငှားရမ်းထားတဲ့ အနော်မာအနုပညာကုမ္ပဏီဟာ ငှားရမ်းခငွေတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို သတ်မှတ်ကာလအတွင်းမပေးသွင်းခဲ့တဲ့အတွက် စာချုပ်ပါစည်းကမ်းချက်တွေအရ ငှားရမ်းခငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးပေးဆောင်ရမှာဖြစ်ပေမယ့် တိုင်းအစိုးရက ကောက်ခံခြင်းမရှိတာကြောင့် အငှားချထားခြင်းခံရသူအပေါ် အထူးအခွင့်အရေးပေးနေသည့်သဘော သက်ရောက်နေပြီး နိုင်ငံတော်ရငွေတွေကို အပြည့်အ၀ရဖို့ ဆောင်ရွက်ဖို့လိုနေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ဒီကနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ထောက်ပြပြောဆိုခဲ့ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း